တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား

နေပြည်တော် ၁၆ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး၊      ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ကွင်းမကျေးရွာ၌ နွား ၁၁ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ညနေ ၆ နာရီတွင် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိန်ကုန်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် ၃ လုံး အမိုးလန်၊ နေအိမ် ၁ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းတွင် အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သဲဖြူကျေးရွာပါ ၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၆ လုံး အမိုးလန်၊ စာသင်ကျောင်းအိမ်သာ ၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN

 

 

1