တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ၅ ဇူလိုင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီမှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) တွင် ကျင်းပသည်။

အမျိုးသား(၃)ယောက်တွဲ တတိယလုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီး အသင်းအား (၂:၁) ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအား (၂:ဝ) ဖြင့် အနိုင်ရရှိသွားသည်။

ဆက်လက်၍အမျိုးသမီး (၃)ယောက်တွဲ တတိယလုပွဲ ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းအား (၂:ဝ) ဗိုလ်လုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၁) ဖြင့် အနိုင်ရရှိသွားသည်။

 

mdn

 

ပြိုင်ပွဲများအပြီးဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသမီး(၂)ယောက်တွဲ အဖွဲလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်၊ တတိယဆု ရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊

အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကချင်ပြည်နယ်၊ တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းကလည်းကောင်း၊

အမျိုးသမီး(၃)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊

အမျိုးသား(၃)ယောက်တွဲ အဖွဲလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တတိယဆုရရှိသော မွန်ပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်က လည်းကောင်း ဆုများ ချီးမြှင့်သည်။

 

mdn

 

ဆက်လက်၍ ရွှေ(၃)ခုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊

ရွှေ(၁)ခု၊ ငွေ(၁)ခုနှင့်  အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ရရှိသော ဧရာဝတီတိုင်းဒေသ ကြီးအသင်းနှင့် ရွှေ(၃)ခုနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆု ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)