တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကျင်းပ

ရန်ကုန် ၁၅ မေ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသော ၂၀၁၉ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်သံဈေးရှိ ဘိလိယက်နှင့် စနူကာစင်တာ၌ ကျင်းပခဲ့သည်။ 

 

1425

 

"နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွေ မရှိရင် မြန်မာ့လက်ရွေးစင်ဆိုတာ ပေါ်ထွက်လာမှာမဟုတ်ပါဘူး။ တိုင်းနှင့်ပြည်နယ် အဆင့်ကနေ လက်ရွေးစင်ဖြစ်ဖို့ ချက်ချင်းမဖြစ်နိုင်သလို မလွယ်ကူဘူးလေ။ ဒါကြောင့် ဒီလိုပြိုင်ပွဲမျိုးတွေမှာ ကြိုးစားမှသာ လက်ရွေးစင် ဖြစ်လာတဲ့အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။  

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား  ဘိလိယက် စနူကာတစ်ဦးချင်း နှစ်ယောက်တွဲ၊ အမျိုးသမီး 9ball   တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို မေလ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုမ အားကစားသမား ၁၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

အာကာစိုး