တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ထီးလင်းမြို့နယ် သရခါကျေးရွာ ပြည်သူ လူထုနှင့် တွေ့ဆုံ

ထီးလင်း ၂၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဉီးဝင်းမော်ဌေးသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဂန့်ဂေါခရိုင် ထီးလင်း မြို့နယ် သရခါကျေးရွာ စုရပ်ဆောင်ခန်းမ၌ ပြည်သူများနှင့်တွေ့ဆုံရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမင်းသိဒ္ဓိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာရှိ ပြည်သူများတက်ရောက်ကြပြီး ဝန်ကြီးက အမှာစကား ပြောကြားသည်။

 

25

 

ထို့နောက် တက်ရောက်လာကြသော ကျေးရွာရှိ တောင်သူများက မိမိတို့ လယ်ယာမြေများအတွက် ဆည်၊ မြောင်း၊ ကန်၊ သင်းများ ပြုပြင်တည်ဆောက်ပေးရေး၊ လယ်ယာကဏ္ဍများ ပံ့ပိုးကူညီ ဆောင်ရွက် ပေးနိုင်ရေးနှင့် ကျေးရွာ၏လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

26

 

အောင်စည်(ပြန်/ဆက်)