တိုင်း​​ဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်​အောက် အမျိုးသမီး​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပုသိမ် ၁၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေ့ညနေ နာရီ က ပုသိမ်မြို့ကျောက်တိုင် အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဆုရရှိခဲ့သည့် ခရိုင်အသင်း အားကစားသမားများက ကွင်းအတွင်းနေရာယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တတိယဆုရရှိခဲ့သည့် မအူပင်ခရိုင်အသင်း အားကစား သမားများအား တစ်ဉီးချင်းဆု နှင့်ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့်မြောင်းမြခရိုင်အသင်း အားကစားသမားများအား တစ်ဉီးချင်းဆုနှင့်ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း အားကစားသမားများအား တစ်ဦးချင်းဆုများကို လည်းကောင်း၊နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို တစ်ဉီးချင်းဆု နှင့်ငွေသားစုများကိုလည်းကောင်း၊ ပထမဆုရရှိသည့်ပုသိမ်ခရိုင်အသင်းအားငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)

 

န်နန