တိုက်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံသို့ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

တိုက်ကြီး ၁ ဧပြီ

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းနှင့် Facility Quarantine လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများအား စေတနာအလှူရှင်များမှ လာရောက်လှူဒါန်းခြင်းကို ဧပြီ ၁ ရက်  မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့သို့လှူဒါန်းရာတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (၁၀)စုံ၊ မျက်မှန် (၁၀)လက်၊ အဖျားတိုင်းကိရိယာ (၁၀)ခု၊ ကိုယ်အပူချိန်တိုင်းကိရိယာ (၈)ခု၊ လက်သန့်ဆေး Hand Gel (၁၀)ဘူး၊ Surgical Mask ၂၀၀၀၊ ဆေးဖျန်းပုံး (၂)ပုံး၊ ပိုးသတ်ဆေး (၁၀)ပုံးတို့ကို ရန်ကုန်မြို့ လှည်းတန်းနေ ဦးလှမောင်က လည်းကောင်း၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (၁၀)စုံကို ဥက္ကံမြို့(တဘူးလှဆည်) ဆည်မြောင်း AE ဦးဥက္ကာနှင့် ဇနီးတို့ကလည်းကောင်း လှူဒါန်းခဲ့ရာ မြို့နယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)