တိုက်ကြီးဘူတာအဝင်တွင် အမျိုးသားတစ်ဦး RBE ရထားကြိတ်ခံရ

ရန်ကုန်- တိုက်ကြီး- ဥက္ကံ နေ့ခြင်းပြန် ပြေးဆွဲနေသော RBE ရထားအမှတ် ၆၅၊ စက်ခေါင်းအမှတ် 3007 သည် ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီခန့်က  တိုက်ကြီးဘူတာအဝင် မိုးကုတ်ဝိပဿနာရိပ်သာ ရှေ့အရောက် ရထားလမ်းပေါ်တွင် ဖြတ်လျှောက်နေသော အမျိုးသားတစ်ဦးအား မလွတ်ဘဲ ကြိတ်မိခြင်းဖြစ်ကြောင်း သိရသည်။

 

ရထားကြိတ်မိသူမှာ ဦးစိုးအောင် (၃၈)နှစ် စံပြ (၂)လမ်း မင်္ဂလာရပ်ကွက်၊ တိုက်ကြီးမြို့ နေသူဖြစ်ပြီး ခြေနှစ်ဘက်စလုံး ဒဏ်ရာများရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကာ ၎င်းအား မီးရထားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွန်းလှိုင်(မြိုင်)