တိုကျိုမာရသွန်ဆုဖလားကို ရင်ခုန်မျှော်လင့်ထားကြောင်း ကမ္ဘာ့အမျိုးသား မာရသွန်စံချိန်သစ်ရှင်ပြော

မတ်  ၆

ကမ္ဘာ့အမျိုးသားမာရသွန်စံချိန်သစ်ရှင် ကင်ညာမှ အီလကစ်ချော့သည် မတ် ၅ ရက်က တိုကျိုမာရသွန်ဆုဖလားကို လွန်ခဲ့သည့်နှစ် အိုလံပစ်အားကစားပြိုင်ပွဲတွင် ရရှိခဲ့သည့် ရွှေတံဆိပ်ဆုနှင့် အတူထားရန် ရင်ခုန်မျှော်လင့်ထားကြောင်း ပြောကြားလိုက်သည်။

၂ နာရီ ၁ မိနစ် ၃၉ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်တင်ခဲ့သည့် ကစ်ချော့သည် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ဒါကိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်အရမ်းပျော်ရွှင်မှာ ဖြစ်တယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ လူတိုင်းနဲ့ ကျွန်တော့်ရဲ့ ခွန်အားကို ဖြစ်စေတဲ့ ကျွန်တော့ပရိသတ်ကို ကျွန်တော့ရဲ့ စွမ်းရည်တွေပြချင်တယ်လို့” ကစ်ချော့ကပြောသည်။

လွန်ခဲ့သည့်နှစ် နွေရာသီက အသက် ၃၇ နှစ်အရွယ် ကစ်ချော့ သည် အိုလံပစ်ချန်ပီယံရရှိခဲ့သည်။

၂၀၂၁ ခုနှစ်တိုကျိုမာရသွန်ပြိုင်ပွဲကို လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် မတ် ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။

လင်းခေတ်ဆန်