​​​​​​​တိုကျိုအနီးကြောက်မက်ဖွယ် ရွှံ့နွံပြိုဆင်းပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်

တိုကျို ဇူလိုင် ၅

တိုကျိုအနီးတွင် ရွှံ့နွံပြိုဆင်းမှု ဖြစ်ပွားပြီးနောက်ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို ပြန်လည်စတင်နေပြီဟု သိရသည်။ယင်းသဘာဝဘေးကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ၂၀ မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။

နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဇူလိုင် ၃ ရက် အစောပိုင်းမှ စတင်ကာ မိုး အဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၄ ရက်တွင် ရှာဖွေကယ်ဆယ်ရေးသမား များ ကယ်ဆယ်ရေးလုပ်ငန်းကို တစ်နာရီခွဲမျှ ရပ်ဆိုင်းခဲ့ရသည်။

ရှီဇူအိုကာခရိုင်ရှိ အာတာမီမြို့မှာ ပျက်စီးဆုံးရှုံးမှုအများဆုံးပင် ဖြစ်သည်။ နေအိမ်ပေါင်း ၁၃၀ ခန့်မိုးကြောင့် ပျက်စီးခဲ့ရသည် ဟု သိရသည်။ နေအိမ်အတွင်း ပိတ်မိနေသော လူ၁၀ ဦးကို ကယ်တင် နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ သုံးဦးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါမြို့ရှိ နေအိမ်ပေါင်း ၂၀၀၀၀ ဝန်းကျင်ကိုလည်း အန္တရာယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ အနိမ့်ပိုင်းဒေသများတွင် မိုးရေကြီးမှုနှင့် ရွှံ့နွံပြိုဆင်းမှုများဖြစ်ပေါ်နိုင်သည်ဟုလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေး အချက်အလက်များကိုလည်း သတိပြုကြရန် တိုက်တွန်းထားသည်။ တိုကျိုနှင့် အိုဆာကာကို ပြေးဆွဲ နေသည့် ရှင်ကန်ဆန် ကျည်ဆန် ရထားမှာလည်း ဇူလိုင် ၃ ရက်က ရပ်နားထားရသည်။ သို့သော်လည်း ယခုအခါ ပြေးဆွဲမှုများ ပြန်လည်ပြုလုပ်နေပြီဟု သိရသည်။

အင်န်အိတ်ချ်ကေ