တိုကျိုအိုလံပစ်အားကစားပွဲသို့ ဆမိုးအားနိုင်ငံက အားကစားသမားများ စေလွှတ်မည်မဟုတ်

ဇူလိုင် ၁

တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဆမိုးအားနိုင်ငံက ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာမှုကြောင့် ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် တိုကျိုအိုလံပစ်အားကစားပွဲများသို့ အားကစားသမားများ စေလွှတ်ခြင်းပြုမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း ရေဒီယိုနယူးဇီလန်က ယနေ့တွင် အွန်လိုင်းမှပြောကြားသည်။

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ထပ်မံဖြစ်ပွားနေသည့် အစီရင်ခံစာများအပေါ်အခြေခံပြီး ရောဂါကူးစက်မှုအခွင့်အလမ်းများ မြင့်မားသောကြောင့် ဆမိုးအားအစိုးရက ပြီးခဲ့သည့်နေ့က ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီး အာဖန်ဆာဂါရီကိုတူပါ၏ ပြောကြားချက်အရ သိရသည်။

အကယ်၍ ထိုထုတ်ပြန်ချက်မှန်ကန်ပါက ဆမိုးအားနိုင်ငံသည် မကြာခင်ကျင်းပမည့် တိုကျိုအိုလံပစ်အားကစားပွဲများတွင် ပါဝင်မှုမရှိသည့် မြောက်ကိုရီးယားနိုင်ငံပြီးလျှင် ဒုတိယ မြောက်နိုင်ငံဖြစ်သည်။

ဆမိုးအားနိုင်ငံသည် (အမျိုးသား/ အမျိုးသမီး ရတ်ဂဗီဘောလုံးကစားနည်း) အိုလံပစ်အားကစားပွဲ အကြိုလေ့ကျင့်ရေးစခန်းများ ကို ဖျက်သိမ်းပြီး ဖြစ်သည်။

ကိုးကား-ကျိုဒိုနယူးစ်
ဘာသာပြန်-မြင့်မြင့်ချို