တိုက်စစ်မှူးကျော်ကိုကို ထိုင်းလိဂ်-၁ ကလပ်အသင်းအချို့နှင့် ညှိနှိုင်းနေ

မေ

 

ထိုင်းကလပ် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ရန် ထိုင်းလိဂ်- ကလပ်အသင်းအချို့နှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

 

ကျော်ကိုကိုသည် ပြီးခဲ့သည့်ရက်ပိုင်းကမှ ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အေးဂျင့်ဖြစ်သူမှတစ်ဆင့် အခြားကလပ်အသင်းနှစ်သင်းနှင့် ညှိနှိုင်းနေခြင်းဖြစ်သည်။ ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပြီး ယခုရာသီတွင်လည်း ဆူခိုထိုင်းအသင်းတွင် လပိုင်းသာကစားကာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

 

၂၀၂၀ ရာသီ ထိုင်းလိဂ်- ပြိုင်ပွဲမှာ လေးပွဲကစားအပြီးတွင် ရပ်နားထားရပြီး ကျော်ကိုကိုအနေဖြင့် အသင်းပြောင်းရွှေ့ပါက ရာသီဝက်အပြောင်းအရွှေ့ကာလမှသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်က ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ပုံမှန်အနေအထားရရှိနေပြီဖြစ်ေကြာင်း သိရသည်။

 

ကျော်ကိုကိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဇေယျာရွှေမြေအသင်းတွင် စတင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ၂၀၁၈ ရာသီတွင်မူ ပြည်တွင်းကလပ်များမှတစ်ဆင့် ထိုင်းကလပ်များသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ရာသီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀ ရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်