တိုက်စစ်မှူးကာဗာနီ ပီအက်စ်ဂျီအသင်းနဲ့အတူ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်ခဲ့

၂၅   ဖေဖော်ဝါရီ

တိုက်စစ်မှူးကာဗာနီဟာ ပီအက်စ်ဂျီအသင်းက ဘော်ဒိုးအသင်းကို လေးဂိုး- သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်ပထမတန်းပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူးကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ ဘော်ဒိုးအသင်းတို့ရဲ့ ပွဲစဉ် မှာ ပွဲကစားချိန် ၂၅ မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ကျန်သွင်းဂိုးတွေကိုတော့ မာကွင်ဟိုက နှစ်ဂိုးနဲ့ အမ်ဘတ်ပီက တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးကာဗာနီဟာ ၂၀၁၃ ခုနှစ်က နာပိုလီအသင်းကနေ ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ လက်ရှိအချိန်အထိ ၂၉၈ ပွဲ ပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ် ပထမတန်းပွဲစဉ် ၂၆ အပြီးမှာ ရမှတ် ၆၅ မှတ် စုဆောင်းနိုင်ခဲ့ပြီး ဒုတိယနေရာက မာဆေးလ်အသင်းကို ၁၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင် ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့ပေမယ့် ဘော်ဒိုးအသင်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗာကိုတော့ ဒဏ်ရာရရှိခဲ့လို့ နစ်နာခဲ့ရတဲ့အပြင် တိုက်စစ်မှူး နေမာလည်းအနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ငွေကြယ်