တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း ဒိုက်ဦး၌ဖွင့်လှစ်

ဒိုက်ဦး  ၂၁   ဖေဖော်ဝါရီ 

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှု စခန်း(၃)တွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၁၀ နာရီအချိန်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒိုက်ဦးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်အုံးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ သင်တန်းဖွင့်လှစ်ပေးသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၆ ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သင်တန်းသို့ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(IPRD)