တီးတိန်မြို့နယ်တွင် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲ ပြုလုပ်

ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက်  CMBC ခန်းမဆောင်၌ ပြုလုပ်သည်။
 
 
 
 
ရှေးဦးစွာ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ပြုံးမိုအိက “အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် မျိုးဆက်ပွား ကျန်းမာရေး” ကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မြသီတာက “စီမံချက်ချပြီး မိသားစုထူထောင်ခြင်း (Family planning)” ကို လည်းကောင်း၊ တီးတိန်မြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဇော်မင်းနိုင်က “အရေးပေါ်သားဆက်ခြားနည်း” ကိုလည်းကောင်း အသီးသီး ဟောပြော ဆွေးနွေးကြသည်။
 
 
 
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသော အကြောင်းအရာများ မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။ အခမ်းအနားတွင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ တီးတိန်မြို့နယ်နှင့်  တွန်းဇန်မြို့နယ်မှ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ  ပြည်သူများ တက်ရောက်ကြောင်း သိရသည်။
 
 
မြို့နယ်ပြန်/ဆက်