တီးတိန်မြို့နယ်၌ ၉၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ၄၁ ဦးတွင် ပိုးတွေ့ရှိ

တီးတိန်၊ ၁၈ ဇွန်

 

ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိ လူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးခြင်းကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြို့မ Cope Centennial JubileeHall ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် လူဦးရေ စုစုပေါင်း ၉၈ ဦးအား စစ်ဆေးခဲ့ရာ ၄၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ယင်းလူနာများအား တီးတိန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)