တီးတိန်မြို့၌ လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းပြုလုပ်

တီးတိန်   ၃၁     အောက်တိုဘာ  

 

ချင်းပြည်နယ် တီးတိန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များ ပူးပေါင်းပြီး အောက်တိုဘာ ၃၀ရက် မွန်းလွဲ ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းပြုလုပ်သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းသည်။

 

ပြည်သူ့စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ မြို့နယ်တရားသူကြီး ဦးလုံးကျင့်ထန်က စာပေသည် ဘဝကို ပြောင်းလဲနိုင်သဖြင့် စာပေဖတ်ရှုလေ့လာရာတွင် မိမိအတွက် သင့်လျော်သည့် စာပေများ ရွေးချယ်ဖတ်ရှုကြောင်း စာပေသည် လူကို ဆင်ခြင်တုံတရား ရရှိစေပြီး ယဉ်ကျေးသိမ်မွေ့ စေကြောင်းများ ဆွေးနွေးသည်။

 

ထို့နောက် ဆွင်းရှင်းခိုင်(တာန်)က အချိန်တိုနာရီပိုင်းအတွင်း အသုံးပြုရသည့် စာပေများနှင့် နှစ်ပေါင်းများစွာ အသုံးပြုသည့်စာပေများ လူမျိုးတစ်မျိုးသည် စာပေအနုပညာကို  အထင်သေးပြီး ပိုက်ဆံနောက်ပဲ လိုက်ပါက မတိုးတက်နိုင်ကြောင်းနှင့် ပျောက်ကွယ်ရန် လွယ်ကူကြောင်းများ ဆွေးနွေးပြီး ကပ်ထွန်းမုန် ဇို(တီးတိန်)ကစာဖတ်သူသည် စာမဖတ်သူထက် ခေါင်းတစ်လုံးသာ လျှက်ရှိကြောင်း အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာများ ရရှိရန် စာများများဖတ်ရန် အရေးကြီးကြောင်းများ ဆွေးနွေးသည်။

 

ဆက်လက်၍ တက်ရောက်လာသူတို့က မိမိတို့သိလိုသောအကြောင်းအရာများမေးမြန်းကာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားဆွေးနွေးကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)