တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ မွေးဖွားသော သုံးမြွှာပူးကလေးများအား ထောက်ပံ့ငွေ​​ပေးအပ်

တီးတိန် ၂၄ ဇွန်

 

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ မွေးဖွားသော သုံးမြွှာပူးကလေးများအား ယနေ့ နံနက် ၁၁ နာရီက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့မှုအနေဖြင့် ငွေကျပ်ငါးသိန်းအား ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပေးအပ်ခဲ့သည်။

 

အဆိုပါ သုံးမြွှာပူးကလေးများသည် ဇွန် ၂၃ ရက်တွင် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ သားဖွားမီးယပ်အထူးကု ဒေါက်တာမိမိုးမိုးက မွေးဖွားပေးခဲ့ပြီး တီးတိန်မြို့နယ် ကျီးပီးကွက်ကျေးရွာနေ ဦးငင့်ဆွင်းလျန်းနှင့် ဒေါ်နဲမ်းခန့်ဟွဲတို့မှ မွေးဖွားသော သားသုံးမြွှာပူးများဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)