တီးတိန်မြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့ရှိတော့သည့် Case-23 နှင့် Case-113 ဆေးရုံမှဆင်း

တီးတိန် ၁၁ ဇွန်

 

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ Case-23 နှင့် Case-113 တို့သည် ကိုဗစ်-19 ရောဂါပိုး ဆက်တိုက်နှစ်ကြိမ်မတွေ့ရှိတော့၍ ယနေ့နံနက် ၁၁ နာရီက ၎င်းတို့အား စောင့်ကြပ်ကုသထားသည့် ရှစ်ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာမှ ဆင်းခွင့်ရကြောင်း သိရသည်။

 

၎င်းဆေးရုံဆင်းခွင့်ရသူတို့သည် တည်းခိုမည့် စကောလမ်းရပ်ကွက်နှင့် လွယ်ဘွာလ်းရပ်ကွက်ရှိ ဆွေမျိုးများနေအိမ်တွင် Home Quarantin ဆက်လက်ခံယူကြမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ(၃)ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)