တေးသီချင်းသစ်နဲ့ တေးဂီတဇယားတွေကို ဦးဆောင်နေတဲ့ တေးယွန်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးဆွန်ဟာ သူ့ရဲ့ တစ်ကိုယ်တော်တေးသီချင်းသစ်ကို မကြာသေးမီက စတင်ထုတ်လွှင့်ခဲ့ပြီး လတ်တလောမှာ အဆိုပါတေးသီချင်းဟာ ကမ္ဘာ့တေးဂီတဇယားတွေကို ဦးဆောင်နေကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တေးဆွန်က သူ့ရဲ့ တစ်ကိုယ်တော်တေးသီချင်းသစ် Weekend ကို ဇူလိုင် ၆ ရက်က စတင်ထုတ်လွှင့် ခဲ့တာပါ။ အဆိုပါ တေးသီချင်းဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း အကြိမ်အများဆုံး ထုတ်လွှင့်ပေးရတဲ့ တေးသီချင်းအဖြစ်လည်း ရပ်တည်နေတဲ့အပြင် ကမ္ဘာ့တေးဂီတဇယားမှာ နိုင်ငံနဲ့ ဒေသစုစုပေါင်း ၁၄ ခုမှာ နံပါတ်တစ်နေရာ ရပ်တည်နေကြောင်းလည်း သိရပါတယ်။

အေးပြည့်