တေးမင်နဲ့ တေးယွန်တို့ရဲ့ စုံတွဲတေးသီချင်း ယခုလအတွင်း ထွက်ရှိမည်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကေပေါ့ပ်တေးသံရှင်တွေဖြစ်ကြတဲ့ တေးမင်နဲ့ တေးယွန်တို့ဟာ သူတို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံးအနေနဲ့ စုံတွဲတေးသီချင်းကို ဖန်တီးထားပြီး အဆိုပါ တေးသီချင်းကို ယခုလအတွင်း စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SHINee ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးမင်နဲ့ အမျိုးသမီး တေးဂီတအဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးယွန်တို့ ပထမဆုံးတွဲဖက်သီဆိုမယ့် တေးသီချင်းရဲ့အမည်ကို If I Could Tell You လို့ ပေးထားကာ အဆိုပါတေးသီချင်းဟာ တေးမင်ရဲ့ မကြာမီထုတ်လွှင့်သွားမယ့် တစ်ကိုယ်တော်မီနီတေးအယ်လ်ဘမ် Advice မှာ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါတေးသီချင်းဟာ အာရန်ပေါ့ပ်တေးဂီတအမျိုးအစားဖြစ်ပြီး သူငယ်ချင်းနှစ်ဦးအကြားက ဆက်ဆံရေးအကြောင်းကို ရေးဖွဲ့ထားတာပါ။ သူငယ်ချင်း တွေအဖြစ်ရှိနေရင်း စည်းကျော်ဖို့ဖန်လာတဲ့ သူတို့နှစ်ဦးရဲ့ ခံစားချက်တွေ ပိုမိုပြင်းထန်လာပုံကို ရေးဖွဲ့ထားတဲ့ အချစ်သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ တေးမင်ရဲ့ တတိယမြောက် မီနီတေးအယ်လ်ဘမ် Advice ကို မေ ၁၈ ရက်မှာ စတင် ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်