တေးအယ်လ်ဘမ်သစ်နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် ဂျက်စတင်ဘီဘာ

၂၆  ဒီဇင်ဘာ

ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျက်စတင်ဘီဘာ က သူ့ရဲ့တေးသီချင်းသစ်၊ တေးအယ်လ်ဘမ်သစ်တွေ ထုတ်လွှင့်သွားမယ့်အပြင် တေးအယ်လ်ဘမ်သစ်ထွက်ရှိမှုနဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ ဂျက်စတင်ဘီဘာက ပရိသတ်တွေထံ အဆိုပါ သတင်းကောင်းပေးပို့ခဲ့တာဖြစ်ကြောင်း အီးအွန် လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီသတင်းကို ဂျက်စတင်ဘီဘာက အွန်လိုင်းမီဒီယာပေါ်မှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ဗီဒီယိုအတွင်း ထည့်သွင်းပြောကြား ခဲ့တာပါ။ ဂျက်စတင်ဘီဘာက သူ့ရဲ့ တစ်ကိုယ်တော် တေးသီချင်းသစ် Yummy ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှာ စတင်ထုတ်လွှင့်ပေးမှာဖြစ်ကြောင်းလည်း တစ်ပါတည်း အသိပေးခဲ့ပါတယ်။ သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲတွေကို လာမယ့် မေ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်မှာ အဆုံးသတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်