တောင်ဥက္ကလာပမြို့နယ်၌ လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း

ရန်ကုန် ၈  မေ

 

တောင်ဥက္ကလာမြို့နယ်အတွင်းရှိ လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် အစရှိသော အခြေခံစားသောက်ကုန်များအား ငွေတောင် (တရုတ်အစားအစာ မျိုးစုံရောင်းဝယ်ရေး) မိသားစုမှ လှူဒါန်းခဲ့ရာ မေ ၇ ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့် (၁၄) ရပ်ကွက်အုပ်ချုပ်‌‌ရေးမှူး ဦးကျော်စိုးဦးတို့မှ လက်ခံရယူပြီး အိမ်ထောင်စုများထံသို့ သွားရောက်လှူဒါန်းခဲ့သည်။

 

အိမ်ထောင်စု (၂၁၀)အား လှူဒါန်းခဲ့သော အခြေခံစားသောက်ကုန်များ၏ စုစုပေါင်းတန်ဖိုးမှာ  (၂၇) သိန်း (၃) သောင်းခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်