တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံတွင် တန်ဆောင်တိုင် LED မီးအလှပြပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

ရန်ကုန် ၇   နိုဝင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံတွင် တန်ဆောင်တိုင် LED မီးအလှပြပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၈  ရက်နေ့မှ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ LED မီးအလှပြပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် ဈေးအရောင်းဆိုင်ခန်းများ၊ အပျော်စီးလှေ၊ အိအိပျော့ပျော့ ကလေးကစားကွင်းများ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ အနေဖြင့် Model Show ၊ Dancing Show ၊ ရုပ်ရှင်၊ ဂီတ၊ အငြိမ့် များဖြင့် ညစဉ် အခမဲ့ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်