တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၉

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပျံ့နှံ့မှု မရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စိတ္တသုခ လူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ အသိပညာပေး လှုံ့ဆောင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ်၏ လူစည်ကားရာ နေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ မွေတော်ရှင်လမ်း၊ ရခိုင်ဘုရားကြီးလမ်း၊ ရုပ်ရှင်ရုံလမ်း၊ မြို့မဈေးကြီးဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ကာကွယ်ပါ၊ ကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေး စနစ်တကျ လက်ဆေးပေး စသည့်ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ချက်များအား အသံချဲ့စက်ဖြင့် လှုံ့ဆော်ခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

(မြို့နယ် ပြန်/ဆက်)