တောင်တွင်းကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ K 95-84 ကြံမျိုးများအား စိုက်နည်းစနစ်လေးမျိုးဖြင့် လက်တွေ့စိုက်ပျိုးပေး

တောင်တွင်းကြီး၊   ၄   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်မျိုးအေး ဦးဆောင်သော ဝန်ထမ်းများနှင့် တောင်သူများစုပေါင်း၍ ကင်ပွန်းတောင်အုပ်စုကသာကျေးရွာ ကွင်းအမှတ်(၂၆၀၃) တောင်သူ  ဦးစိန်ထွန်း၏ ကြံစံပြစိုက်ကွက်တွင် K 95-84 ကြံမျိုးများကို စိုက်နည်းစနစ်လေးမျိုးဖြင့် ဒီဇင်ဘာ  ၄  ရက် နံနက်က လက်တွေ့ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စိုက်နည်းစနစ် လေးမျိုးမှာ စက်စိုက်၊ ဒေသအခေါ် ပုံမှန်စိုက်၊ တစ်ဆစ်ခြင်း ကိုင်းဖြတ် စိုက်ပျိုးခြင်းနှင့် paired rows စိုက်နည်းစနစ်များဖြစ်ကြပြီး ထိုကဲ့သို့ စိုက်နည်းစနစ် လေးမျိုးဖြင့် နှိုင်းယှဉ်စိုက်ပျိုးပြသရခြင်းမှာ ထွက်နှုန်းတိုးသည့် စိုက်နည်းစနစ်ကို တောင်သူများသိရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ လက်ထောက်ဦးစီးမှူး ဦးဉာဏ်မင်းထွန်းက ပြောသည်။

 

ကြံစိုက်ပျိုးရာတွင် ကြံပင်၏ ရင့်မာသော ကြံဆစ်ပိုင်းများကိုဖြတ်တောက်၍ အရည်အသွေးကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အဆစ်အပိုင်းများကို ရွေးချယ်စိုက်ပျိုးခြင်းသည် ကြံအထွက်နှုန်းတိုးရန် ကနဦးအဆင့်ဖြစ်သည်။ ကိုင်းဖြတ်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကလျှင် (၃)တန်၊ ဒေသအခေါ် ပုံမှန်စိုက်မှာ တစ်ဧကလျှင် (၃)တန်၊ စက်စိုက် တစ်ဧကလျှင်(၄)တန်ခွဲ၊ paired rows စိုက်နည်းစနစ် တစ်ဧကလျှင် (၄)တန်ခွဲခန့်  ကုန်ကျကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)