တောင်တွင်းကြီးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်တွင်းကြီး ၂၇ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ ကျေးရွာများမှ စုစုပေါင်း ဘောလုံးအသင်း (၁၃) သင်းတို့သည် နိုဝင်ဘာလ () ရက်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲတွင် ရွှေအိုး()အသင်းနှင့် ရေပြည့်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွှေအိုး()အသင်းမှ ရေပြည့်အသင်းအား တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

အခမ်းအနားတွင် တတိယဆုရရှိသော ရွှေအိုး()အသင်းအား ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ရရှိသော ရေပြည့်အသင်းအား ငွေကျပ်နှစ်သိန်း၊ ပထမဆု ရရှိသောရွှေအိုး() အသင်းအား ငွေကျပ်သုံးသိန်း၊ တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်း အကောင်းဆုံး ကစားသမား ဆုများနှင့် ဂိုးအကောင်းဆုံးကစားသမား ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော ရွှေအိုး()သင်းအား တံခွန်စိုက်ဆုဖလားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပေးအပ်ခဲ့ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ အင်အား (၁၅ဝဝ)ခန့် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

နိုင်ဝင်း(တောင်တွင်းကြီး)