တောင်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်

မကွေး ၂၄ ဇွန်

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မကွေး)မှ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမတွင် ယမန်နေ့ နံက်နက်ပိုင်းက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်က တက်ရောက်လာသော တောင်သူများအတွက် မြေယာများနှင့်ပတ်သက်၍ လျော်ကြေးငွေပေးများ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မြေပိုင်ရှင်များအတွက် တစ်ဧကလျှင် ငွေကျပ် ၁၂၅၀၀၀ နှုန်းဖြင့် တောင်သူရှစ်ဦးအတွက် စုစုပေါင်း ငွေကျပ်သိန်း ၂၅၄၁၃၂၂ ဒသမ ၃၁၄ အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်(မြို့သစ်)