တောင်သူများ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းဆောင်ရွက်

ပန်းတနော်  ၆  ဇွန်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ် နိုင်ရန်အတွက် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဘဝိုင်းကျေးရွာအုပ်စု တောင်သူ ဒေါ်ယဉ်ဌေး၏ လယ်မြေ​၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဆင်းသုခစပါးမျိုးကို ဘောင်စနစ်ဖြင့် ပျိုးထောင်ခဲ့ပြီး မျိုးစပါး ၁ တင်းကို ၂ ဧကနှုန်းဖြင့်  ပျိုးထောင်ခဲ့ကြောင်း သိရသည်။

 

ပန်းတနော်မြို့နယ်တွင် တောင်သူများစီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် သရောင်းချောင်း စပါးပျိုးခြံမှ ဆင်းသုခစပါးမျိုး တင်း ၁၀၀ ရရှိထားပြီး ကျေးရွာအုပ်စု (၂၀) အုပ်စုအတွက် စပါးစိုက်ပျိုးဧက ၂၀၈ ဧက စိုက်ပျိုးရန် လျားထားလျက်ရှိရာ စပါးပျိုးထောင်ဧက ၃၀ ပျိုးထောင်ခဲ့ပြီး ကျန်ရှိသည့် စပါးပျိုးထောင်ဧက များကိုလည် ဆက်လက်ဆောင်ရွက်ဖို့ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဌေးက ပြောသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)