တောင်ပေါ်မြို့လေးက Mount Pyin Oo Lwin ဆိုတဲ့ စားသောက်ဆိုင်လေး

အေးစိမ့်စိမ့်ရာသီဥတုလေးက ခရီးထွက်ဖို့ အကောင်းဆုံးအချိန်အခါဆိုရင် foodie တို့က သဘောတူကြတယ် မလားဟင်။ ဒီလိုလေးအစပျိုးနေမှတော့ ဘာကိုဆိုလိုချင်တယ်ဆိုတာ သိလောက်ရောပေါ့။ ဒီလိုလေ… ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက My Lann အဖွဲ့သားတွေက ရုံး trip အဖြစ် အနားယူဖို့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရတဲ့ ပြင်ဦးလွင်မြို့ကို အလည်တစ်ခေါက် ခရီးထွက်ကြတယ်လေ။ ထုံးစံအတိုင်း လမ်းမှာကတည်းက တောင်ပေါ်မြို့လေးဆီရောက်ရင် ဘာတွေလုပ်မယ်၊ ဘယ်နေရာတွေကို သွားမယ်နဲ့ ဆူညံလို့ပေါ့။ ဒီလိုနဲ့ မနက် ၁၀ နာရီကျော်လောက်မှာ My Lann အဖွဲ့သားတွေကို တောင်ပေါ်မြို့လေးက အေးအေးစိမ့်စိမ့် ကြိုဆိုပါတယ်။ 

 

မနက်စောစောစီးစီးလည်းဖြစ်၊ ကားပေါ်မှာလည်း ပင်ပန်းလာပြန်၊ နောက်ကိုယ်တွေကလည်း အစားလိုင်းဆိုတော့ ဗိုက်ကလည်း တကြုတ်ကြုတ်ဆာနေပြီ။ အဲ့ဒါနဲ့ပဲ အနီးအနား ပတ်ဝန်းကျင်ကို မေးကြည့်တော့ တော်တော်များများက Mount Pyin Oo Lwin ဆိုတဲ့ စားသောက်ဆိုင်ကို ညွှန်ကြတယ်လေ။ ကိုယ်တွေကလည်း လူအတော်များများ ညွှန်းမှတော့ သွားစားကြည့်ကြမယ်ဆိုပြီး အုပ်လိုက်ကြီး လိမ့်ကြတာပေါ့။ ရာသီဥတုက စိမ့်နေအောင် အေးနေတယ်ဆိုပေမဲ့ Mount Pyin Oo Lwin ဆိုတဲ့ စားသောက်ဆိုင်လေးကတော့ နွေးနွေးထွေးထွေးလေး ကြိုဆိုပါတယ်။ ဆိုင်ထဲကို လှမ်းဝင်လိုက်တာနဲ့ မြင်ရတဲ့ ပန်းချီကားလေးတွေ၊ မြေအိုးလေးတွေ၊ ပုသိမ်ထီးလေးတွေနဲ့ အခြား ရိုးရာအငွေ့အသက်ကဲနေတဲ့ ပစ္စည်းလေးတွေကို မြင်ရတော့ အိုး Amazing ပေါ့။ First impression နဲ့ တစ်မှတ်စပေးလိုက်ပါတယ်။ ဆိုင်အပြင်အဆင်ကို ရှိုးပြီးတာနဲ့ Menu ဘက်ကို ခေါင်းလှည့်ရတာပေါ့။ Menu ကြည့်ပြီးတော့လည်း အစားအသောက် တော်တော်စုံပါလားလို့ဆိုပြီး အရသာမသိဘဲနဲ့ နောက်တစ်မှတ်ပေးလိုက်ပြန်တယ်။

 

 

 

My Lann Team က လူများတော့ စားထားတာတွေလည်း အများကြီးပဲဆိုတော့ အရသာကို လိုတိုရှင်းပဲ ရေးလိုက်တော့မယ်နော်။

 

မနက်စာမှာ အဓိက သတိထားမိတာက လက်ဖက်ရည်၊ ကော်ဖီ နဲ့ နွားနို့။ ပြီးတော့ အီကြာကွေး နဲ့ စမူဆာ။ သူများတွေတော့ မသိဘူး။ ကိုယ်တော့ မြည်းစမ်းကြည့်ရင်း တော်တော် သဘောတွေ့သွားတာ။ ရန်ကုန်မှာသာ လာဖွင့်ရင်ကောင်းမယ်လို့။ 

 

 

 

 

ပြီးတော့ အခြားမနက်စာအနေနဲ့ ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ လိပ်ခုတ်၊ ပဲပြုတ်ထမင်းကြော်နဲ့ အခြားစားစရာတွေ တော်တော်စုံစုံလင်လင် ရရှိပါတယ်။ (ပုံမှာ မနက်စာ Menu ထည့်ပေးထားတယ်နော်။ ဈေးတွေကလည်း ချိုမှချို)

 

 

 

 

ပြီးတော့ ဆိုင်လေးက တရုတ်၊ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူစာတွေ အဓိက ရပါတယ်။ My Lann အဖွဲ့သားတွေ စားဖြစ်ကြတဲ့အထဲက အချို့ကို Highlight လုပ်ရမယ်ဆိုရင်

 

မြန်မာကြက်မြေအိုးဟင်းချို

 

ဒါက ကြက်ပြုတ်ရည် ဟင်းရည်အိုးထဲ ကိုယ်စားချင်တဲ့ အသားနဲ့အသီးအရွက်တွေ ထည့်ပြုတ်စားရတာပါ။ အချိုနဲ့ အစပ် နှစ်မျိုး နှစ်သက်ရာရွေးချယ်လို့ရပါတယ်တဲ့။ နောက်တစ်မျိုးခေါ်ရရင်တော့ ဒီဟင်းအိုးလေးကတော့ မြန်မာ hot pot ပါပဲ။

 

 

 

 

ကြက်လယ်တောဟင်းရည်သောက်

 

ပြင်ဦးလွင်ရဲ့ အေးမြမှုကို ခံစားရင်း အရာရာကို မေ့သွားချင်တယ်ဆိုရင်တော့

 

ဒီကြက်လယ်တောဟင်းရည်

 

သောက်ကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လတ်ဆတ်တဲ့ကြက်သားနဲ့ ဟင်းရည်ပူပူလေးက သင့်ကို ဆွေမျိုးမေ့သွားစေဖို့ လုံလောက်မှာပါ။ ညနေခင်းလေးဆိုရင်တော့ ဝိုင်လေးဖြစ်ဖြစ်၊ ကော့တေးလေးဖြစ်ဖြစ်နဲ့ပေါ့။

 

 

 

 

ပလောင်တောင်ယာကြက်သားချက်

 

ကြက်သားကို ဆီပြန်ဟင်းတွေအနေနဲ့ စားရတာ ငြီးငွေ့နေပြီမလား။ ဒီဆိုင်လေးကို ရောက်လာရင်တော့ ပလောင်တောင်ယာ ကြက်သားချက်ကိုလည်း မှာယူဖို့ အားပေးပါတယ်။ ဟင်းသီးဟင်းရွက်အနံ့လေးနဲ့ ကြက်သားနူးနူးအိအိလေးကိုစားရတာ ပလောင်တောင်ယာတွေဆီ ရောက်ရှိသွားသလို ဖြစ်စေမယ် ထင်ပါတယ်။

 

 

 

ဝက်လက်ကြံမဆိုင်

အနံ့ရတာနဲ့ကို စားချင်စရာပဲ။ နူးညံ့တဲ့အသားလေးကို ကြံမဆိုင်ရွက်လေးတွေနဲ့အတူ ပူပူနွေးနွေးစားလိုက်ရတော့ နတ်သုဒ္ဓါနဲ့ဘယ်လဲမလဲ ဖြစ်သွားတာပေါ့နော်။

 

 

ဂဏန်းမဆလာ

 

ဂဏန်းမဆလာကတော့ ဂဏန်းကြိုက်သူတွေ သဘောခွေ့တဲ့ ဟင်းလျာဖြစ်လို့ အရသာကို အထွေအထူး ပြောစရာ မလိုဘူးထင်ပါတယ်။ ဒီဆိုင်က ဂဏန်းမဆလာချက်ကလည်း My Lann အဖွဲ့ကို စိတ်မပျက်စေခဲ့ ရပါဘူး။

 

လာအိုစတိုင်ကြက်သားသုပ်

 

 

ပုံမှန်စားနေကျ ကြက်သားသုပ်တွေကို ငြီးငွေ့လာပြီဆိုရင်တော့ ဒီလာအိုစတိုင်ကြက်သားသုပ်က သင့်ကို အရသာသစ်တစ်ခုအနေနဲ့ ကောင်းကောင်းဖမ်းစားနိုင်ပါလိမ့်မယ်။

 

ဒါကတော့ My Lann အဖွဲ့သားတွေ ရောက်ရှိခဲ့တဲ့ Mount Pyin Oo Lwin စားသောက်ဆိုင် အကြောင်းလေးပါ။ ဆိုင်လေးမှာ အထက်မှာ ဖော်ပြထားတဲ့ အစားအစာတွေ အပြင် ဝိုင်၊ ကော့တေးနဲ့ မြန်မာထမင်းဟင်းတွေလည်း ရရှိပါသေးတယ်။ ပါတီတွေ Gathering တွေအတွက်လည်း စီမံပေးပြီး catering လည်း လုပ်ပေးတယ်ပြောပါတယ်။ 

 

 

 

ဆိုင်ကတော့

 

မနက် (၈) နာရီကနေ ည (၁၀) နာရီအထိ ဖွင့်ပြီးတော့ My Lann အဖွဲ့ကနေပြီးတော့

 

ညွှန်းချင်တာက 

 

(၁) ဆိုင်က အစားအသောက် အရမ်းစုံတယ်။

 

(၂) ည ၁၀ နာရီအထိဖွင့်တယ်။ (ဒါဘာလို့ထည့်ပြောရလည်းဆိုရင် ည ၈ နာရီလောက်ဆိုရင် ပြင်ဦးလွင်မှာက ဆိုင်အများစုက ပိတ်သွားပြီ)

 

(၃) အစားအစာတွေက ဈေးနှုန်းသိပ်မကြီးဘူး။ ပုံမှန်ပဲ။

 

(၄) မြို့ရဲ့ အဝင်နားမှာ ရှိတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်။

 

ခရီးတစ်ခုထွက်တဲ့အခါ အဲ့ဒီဒေသရဲ့ အလှဆုံး ရှုခင်းတွေ၊ View Point တွေကို စုံအောင်ရောက်ဖူးတာလေးနဲ့ ပြည့်စုံတဲ့ ခရီးစဉ်လေးတစ်ခုလို့ခေါ်လို ့မရပါဘူး။ ဒီဒေသရဲ့ နာမည်ကြီး လူကြိုက်များတဲ့ ဟင်းလျာတွေကိုလည်း မြည်းစမ်းကြည့်ဖူးဦးမှလေ။ My Lann အဖွဲ ့သားတွေကတော့ မျက်စိတဆုံးလှတဲ့ တောင်ပေါ်ဒေသ ပြင်ဦးလွင်မြို့လေးမှာ အလှအပရှုခင်းတွေကို ခံစားရင်း ပြင်ဦးလွင်ရဲ့ နာမည်ကျော် လူပြောများတဲ့ Mount Pyin Oo Lwin စားသောက်ဆိုင်လေးက သူမတူဘဲ အရသာထူးတဲ့ ဟင်းလျာတွေကို မြည်းစမ်းခဲ့ပါပြီ။ ဒီလောက်ဆိုရင်တော့ ကိုယ်တွေခရီးက ဘယ်လောက် Perfect ဖြစ်ပြီလဲဆိုတာ တွေးသာကြည့်။ My Lann က foodie တို့လည်း ပြင်ဦးလွင်သွားပြီး ဒီဆိုင်လေးမှာ စားဖြစ်ခဲ့ရင် ခုပြောခဲ့တဲ့ ဟင်းလျာတွေအပြင် တခြား အရသာရှိတဲ့ ဟင်းပွဲတွေအကြောင်းတွေကိုလည်း ပြန်လာပြောလှည့်ဦးနော်…

 

#MyLann #Online_Restaurant_Directory #Online_Food_Guide#Food_Review 
#Foodie_Myanmar 
#PyinOoLwin