တောင်ငူတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲကျင်းပ

တောင်ငူ ၄ ဇန်နဝါရီ

 

တောင်ငူတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနှင့်ထိုင်း အထူးစိန်ခေါ်ပွဲနှင့် အမျိုးသမီးချန်ပီယံလုပွဲကြီးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင် တောင်ငူဒေသခံ ဝါသနာရှင် လက်ဝှေ့အားကစားသမားများက ကြားပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။ ၅ ချီစိန်ခေါ်ပွဲတွင် ပထမတွဲဆိုင်းအဖြစ် နေရှုဘီ(တောင်ငူ)နှင့် ချက်ရာဖက်(ထိုင်း)တို့ ယှဉ်ပြိုင်ကြရာ နေရူဘီ(တောင်ငူ )က ၂ မိနစ် ၃ စက္ကန့်တွင် ချရာဖက်(ထိုင်း)ကို အနိုင်ထိုးသတ်နိုင်ခဲ့သည်။ ငါးချီ ဒုတိယတွဲဆိုင်းအဖြစ် ထွန်းနိုင်ဦး (တောင်ငူ)နှင့် ဆပ်ချီဝါ(ထိုင်း)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးရာ ငါးချီပွဲပြီးသည်အထိ အနိုင်မပေါ် သရေပွဲဖြစ်ခဲ့သည်။ ထို့နောက် အမျိုးသမီးချန်ပီယံလုပွဲတွင် ဘရောနီကာ(ကယန်း)နှင့် စောနစ်တရာ(ထိုင်း)တို့ ယှည်ပြိုင်ထိုးရာ ဘရောနီကာ(ကယန်း)က ၂ မိနစ် ၅၉ စက္ကန့်တွင် စောနစ်တရာ(ထိုင်း)ကို အလဲထိုးအနိုင်ရခဲ့သည်။

 

အဆိုပါလက်ဝှေ့ပွဲသို့ လက်ဝှေ့ဝါသနာအိုးများ၊ ဒေသခံများ တက်ရောက်အားပေးကြကာ ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့သည်။

 

သူရ (တောင်ငူ)