တောင်ငူမြို့၌ အရှည်ပေ (၁)သောင်းခန့်ရှိ အလူမီနီယံကြိုးခွေအား ခိုးယူသူ(၂)ဦးကို အမှုဖွင့်အရေးယူ

နေပြည်တော် ၈ မတ်

 

ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ (၂၀)ရပ်ကွက် မိုင်ဒါကွင်းအတွင်း၌ မတ် ၇ ရက်က အရှည်ပေ (၁)သောင်းခန့်ရှိ အလူမီနီယံကြိုးခွေအား ခိုးယူသယ်ဆောင်နေသူ (၂)ဦးကို ဝန်ထမ်းများက တွေ့ရှိဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ (၂၀)ရပ်ကွက် မိုင်ဒါကွင်းအတွင်း၌ မတ် ၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ က အုတ်တွင်းမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ(၄)ရပ်ကွက်နေ စိုးဝင်းထွန်း(ခ)ရိုဘင်ဒါ (၂၇)နှစ်နှင့် ညောင်ခြေထောက်မြို့၊ (၁)ရပ်ကွက်နေ  မြင့်သိန်း (၇၁)နှစ်တို့ (၂)ဦးသည် Fuso ကရိန်းယာဉ်ဖြင့် အဆိုပါကွင်းအတွင်း စုပုံထိန်းသိမ်းထားသော တောင်ငူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးပိုင် အရှည်ပေ (၁)သောင်းခန့်ရှိ ACSR 95 mm 2 အမျိုးအစား အလူမီနီယမ် ကြိုးခွေ(ပါကင်) (၁)ခွေ (တန်ဖိုးငွေကျပ် ၄၈ သိန်းခန့်)အား ခိုးယူသယ်ဆောင်နေသည်ကို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့်  အရေးယူပေးရန်တိုင်တန်းချက်အရ  စိုးဝင်းထွန်း(ခ)ရိုဘင်ဒါနှင့် မြင့်သိန်းတို့ ၂ ဦးအား တောင်ငူမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား