တောင်ကိုရီးယားတွင် မတ်လနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြင့်ဆုံး ဖြစ်လာ

၂၇ ဩဂုတ်

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း  ကိုဖစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၈၇၀၆ ဦး အထိ မြင့်တက်လာသည်ဟု ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

 

မတ်လ ၇ ရက်နေ့ နောက်ပိုင်း ၁၇၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့ပြီး နေ့စဉ်ကူးစက်ခံရမှုမှာ ၁၄ ရက်ဆက်တိုက် ကိန်းဂဏန်းသုံးလုံးအထိ ရှိလာသည်။

 

 

ဆိုးလ်မြို့တော်နှင့် ၎င်းအနီးဝန်းကျင် ဂျောင်ဂီ ပြည်နယ်တို့တွင် ရောဂါကူးစက်ခံရသူ အရေအတွက်မှာ သီတင်းပတ် နှစ်ပတ်အတွင်း ၃၉၃၆ ဦး အထိ ရှိသည်။

 

 

ကူးစက်မှု အများစုမှာ ဆိုးလ်မြို့ရှိ ဘုရားရှိခိုးကျောင်းများနှင့် ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့် ဆက်စပ်နေသည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၁၅၄ ဦး မှာ ဆိုးလ်မြို့တော်တွင် နေထိုင်သူများ ဖြစ်ပြီး ၁၀ဝ ဦး မှာ ဂျောင်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။

 

 

ဆိုးလ်မြို့တော် အနောက်ဘက် အင်ချွန်း အပါအဝင် ဆိုးလ်မြို့တော်တွင် ကူးစက်ခံရသူ စုစုပေါင်း ၃၁၃ ဦး ရှိလာသည်။

 

 

ကူးစက်ခံရသူ ခုနစ်ဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ပြီး စုစုပေါင်းဦးရေ ၂၇၇၀ ရှိသည်။

 

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံ သေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူပေါင်း ၃၁၃ ဦး ရှိသည်။

 

 

စုစုပေါင်း သေဆုံးမှုနှုန်း ၁ ဒသမ ၆၇ ရာခိုင်နှုန်း ရှိသည်။

 

 

ကူးစက်ခံရပြီး ကျန်းမာရေး ကောင်းမွန်လာသဖြင့် သီးခြားကန့်သတ်ထားရာ နေရာမှ ၉၃ ဦး ထပ်မံထွက်ခွာခွင့် ရရှိခဲ့ရာ စုစုပေါင်း ဦးရေ ၁၄၄၆၁ ဦး ရှိပြီ ဖြစ်သည်။ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှုနှုန်း ၇၇ ဒသမ ၃၁ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့နောက်ပိုင်း လူဦးရေ ၁ ဒသမ ၈၆ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၅၂၀၄၁ ဦး ကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို