တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၄ ဦး ရှိလာ

၂ ဇူလိုင် 

 

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၄ ဦး ရှိပြီး ကူးစက်ခံရမှုပေါင်း ၁၂၉၀၄ ဦး အထိ မြင့်တက်လာသည်။ 

 

ပြည်ပပြန်များနှင့် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဆက်လက်ဖြစ်ပွားလာရာ နှစ်ရက်ဆက်တိုက် ကူးစက်ခံရသူ ၅၀ အထက်ရှိသည်။ 

 

ထပ်မံကူးစက်ခံရသူများအနက် ၁၀ မှာ ပြည်ပပြန်များဖြစ်ပြီး ၁၆၀၈ ဦး အထိ မြင့်တက်လာသည်။ 

 

အစုလိုက်အပြုံလိုက် ကူးစက်မှုများသည် ဘုရားကျောင်းများနှင့် ဘိုးဘွားရိပ်သာများမှ ဘာသာရေးဆိုင်ရာ စုဝေးပွဲများနှင့်ဆက်စပ်ပြီး ကူးစက်ခြင်းသည်ကို တွေ့ရှိရဆဲဖြစ်သည်။ 

 

ထပ်မံသေဆုံးသူမရှိကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူပေါင်း ၂၈၂ ဦး ရှိသည်။သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။ 

 

ထပ်မံကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၇၁ ဦး သီးသန့်ခွဲခြားထားသည့် နေရာမှ ထွက်ခွာခွင့် ပြုခဲ့သည်။ ပြန်လည်ကျန်းမာလာသူ ၁၁၆၈၄ ဦး ရှိသည်။စုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ 

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၁ ဒသမ ၂၉ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ၁၉၇၈၂ ဦးကို စမ်းသပ်စစ်ဆေးမှုပြုလုပ်နေဆဲ ဖြစ်သည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို