တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄ ဦး ထပ်မံတွေ့ရှိ

၄ ဩဂုတ်

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄ ဦး ထပ်မံ တွေ့ရှိခဲ့ရာ ကူးစက်ခံရသူပေါင်း ၁၄၄၂၃ ဦး အထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

 

ပြည်ပပြန်လာသူများနှင့် အစုအပြုံလိုက် ကူးစက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် နှစ်ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူဦးရေ ၃၀ အထက် မြင့်တက်လာခြင်း ဖြစ်သည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၂၁ ဦး မှာ ပြည်ပပြန်လာသူများဖြစ်ပြီး ၂၄၈၂ ဦး ရှိပြီ ဖြစ်သည်။

 

 

ဇွန်လ ၂၆ ရက်နေ့ကတည်းက ရက်ပေါင်း ၄၀ ဆက်တိုက် ပြည်ပပြန်များ ကူးစက်မှုမှာ ကိန်းဂဏန်းနှစ်လုံး မြင့်တက် လာသည်။

 

 

ဆိုးလ်မြို့ရှိ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်တို့တွင် ပြီးခဲ့သည့် သုံးရက်က အစုအပြုံလိုက် ကူးစက်မှု ဖြစ်ပွားခဲ့သဖြင့် ပြည်တွင်း ကူးစက်မှုများ ၁၃ ဦးအထိ မြင့်တက်လာသည်။

 

 

ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြုထားပြီး သေဆုံးသူ စုစုပေါင်း ၃၀၁ ဦး အထိရှိလာသည်။ ကူးစက်ခံရမှုကြောင့်  သေဆုံးမှုနှုန်းမှာ ၂ ဒသမ ဝ၉ ရာခိုင်နှုန်းရှိသည်။

 

 

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် သီးခြား ကန့်သတ်ထားရာ နေရာမှ ထပ်မံထွက်ခွာခွင့်ရရှိသူ ၇၂ ဦး ရှိပြီး ပြန်လည် ကောင်းမွန်လာသူပေါင်း ၁၃၃၅၂ ဦး ရှိလာသည်။

 

 

ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း စုစုပေါင်း ၉၂ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည်။

 

 

နိုင်ငံအတွင်း ဇန်နဝါရီ ၃ ရက်နေ့မှ ကတည်းက ယနေ့အထိ လူပေါင်း ၁ ဒသမ ၅၈ သန်းကျော် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၁၈၇၂၄ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို