တောင်ကိုရီးယားသမ္မတဟောင်း ကျခံနေတဲ့ ထောင်ဒဏ်တွေထဲမှ ၁၀ နှစ်လျှော့ချ

ဆိုးလ်  ၁၂  ဇူလိုင်

 

တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ပတ်ဂွန်ဟဲ ကျခံနေရတဲ့ ထောင်ဒဏ်တွေထဲမှ ၁၀ နှစ် ကို လျှော့ချလိုက်ကြောင်း သောကြာနေ့က ဆိုးလ်တရားရုံးတစ်ရုံးက ချမှတ်လိုက်ပါတယ်။ ပတ်ဂွန်ဟဲ ဟာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်တယ်ဆိုပြီး သမ္မတ တာဝန်ကနေ ၂၀၁၇ မှာ နုတ်ထွက်ခဲ့ရပါတယ်။

 

ပတ်ဂွန်ဟဲဟာ ပထမဦးဆုံး အမျိုးသမီး သမ္မတဖြစ်ခဲ့ပါတယ်။ သူမဟာ လာဘ်ပေးလာဘ်ယူမှု ဆိုပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့အတွက်  နုတ်ထွက်ခဲ့ရပါတယ်။

 

လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ ငွေကြေးရယူမှုတွေ အတွက် ထောင်ဒဏ် အနှစ် ၃၀ ကျခံနေရတာဖြစ်ပါတယ်။

 

အယူခံတင်တဲ့ အတွက်ကြောင့်  ဆိုးလ်ဗဟိုတရုံးကနေ လာဘ်ပေးလာဘ်ယူမှုအတွက် ထောင်ဒဏ် ၁၅ နှစ် နဲ့ တခြားအမှုတွေအတွက် ၅ နှစ် ဖြစ်တာကြောင့် ထောင်ဒဏ် ၂၀ နှစ် အဖြစ်လျှော့ချခဲ့တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲဉပဒေကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ် ၂ နှစ် ကျခံရမှာဖြစ်တဲ့အတွက် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရမှာဖြစ်ပါတယ်။

 

ထောင်ဒဏ်အပြင် ဒဏ်ငွေ ကိုရီးယားဝမ် ၂၁ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ သန်း) ပါ ကျခံမှာဖြစ်ပါတယ်။

 

ထောင်ဒဏ်လျော့ပေါ့ စဉ်မှာ သမ္မတဟောင်း ဟာ တရားရုံးမှာ ရှိမနေဘဲ သပိတ်မှောက်ထားပါတယ်။

 

သမ္မတဟောင်းဟာ ထောင်ဒဏ် ၂၂  ကျခံပြီးချိန်မှာ သူမဟာ အသက်ရှစ်ဆယ် ပြည့်ခါနီးအချိန်ဖြစ်သွားမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP