တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ရှစ်ဦးရှိ၊ စုစုပေါင်းကူးစက်ခံရသူ ၁၀၇၀၂ ဦးရှိလာ

၂၃ ဧပြီ

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ရှစ်ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူအရေအတွက် ၁၀၇၀၂ ဦး ရှိလာသည်ဟု ဖော်ပြထားသည်။

 

ကူးစက်ခံရသူအရေအတွက်မှာ ခြောက်ရက်ဆက်တိုက် ၁၀ ဦးဝန်းကျင်မှာပင် ရှိနေသည်။ ထပ်မံကူးစက်ခံရသူများအနက် လေးဦးမှာ နိုင်ငံခြားကပြန်လာသူများမှ ကူးစက်ခြင်းဖြစ်ပြီး ကူးစက်ခံရသူအရေအတွက် ၁၀၂၁ ဦး အထိ ရှိလာသည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူအရေအတွက် ၂၄၀ ဦး အထိ ရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်း ၂ ဒသမ ၂၄ ရာခိုင်နှုန်း ရှိသည်။

 

ထပ်မံပြန်လည်ကောင်းမွန်လာသူ ၁၃၄ ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူပေါင်း ၈၄၁၁ ဦး ရှိသည်။ စုစုပေါင်း ပြန်လည်ကောင်းမွန်လာမှုနှုန်း ၇၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို