တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀ ဦးရှိ၊ စုစုပေါင်း ကူးစက်ခံရသူ ၁၀၇၃၈ ဦး ရှိလာ

၂၇ ဧပြီ

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၀၇၃၈ ဦး ရှိလာသည်ဟု ထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်မှာ ကိုးရက်ဆက်တိုက် ၁၀ ဦး ဝန်းကျင်မှာပင် ရှိကြောင်းနှင့် ထပ်မံကူးစက်ခံရသူများအနက် ခုနစ်ဦးမှာ ပြည်ပမှလာသူများဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ တစ်ဦးရှိပြီး သေဆုံးသူပေါင်း ၂၄၃ ဦး အထိ ရှိလာသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၂၆ ရာခိုင်နှုန်း ရှိသည်။

 

ထပ်မံပြန်လည်ကောင်းမွန်လာသူ ၄၇ ဦး ရှိပြီး ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ စုစုပေါင်း ပြန်လည်ကောင်းမွန်လာသူ ၈၇၆၄ ဦး ရှိသည်။ စုစုပေါင်း ပြန်လည်ကောင်းမွန်လာမှုနှုန်းမှာ ၈၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၆၀၁၀၀၀ ဦး ကို ကိုဗစ်-၁၉ စမ်းသပ်မှုပြုလုပ်ပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၅၈၂၀၂၇ ဦးတွင် ကိုဗစ်-၁၉ ကူးစက်မှုမရှိကြောင်း တွေ့ရှိခဲ့ပြီး ၈၈၉၅ ဦး ကို စမ်းသပ်စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို