တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၇၁၇၅ ဦးရှိ ကူးစက်မှုစံချိန်တင်မြင့်တက်

ဒီဇင်ဘာ ၈

 

တောင်ကိုရီးယားနိုင်ငံ၌ ဆိုးလ်ဒေသတွင် ရောဂါကူးစက်ဖြစ်ပွားမှုများပိုမိုများပြားလာသောကြောင့် ကိုဗစ်-၁၉ ရောဂါ  နေ့စဉ်ကူးစက်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်ခဲ့သည်။

 

ကိုရီးယားရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ကူးစက်ဖြစ်ပွားသူ ၇၁၇၅ ဦး ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၄၈၉၄၈၄ ဦးအထိ ရှိလာသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၂၈၉၀ သည် ဆိုးလ်ဒေသခံများဖြစ်ပြီး ဂျီအွန်ဂီပြည်နယ်တွင် ၂၂၆၃ ဦးနှင့် အင်ချွန်တွင် ၄၃၁ ဦးတို့ဖြစ်သည်။

 

ဒေသတွင်းကူးစက်မှု ၂၁ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မြို့တော်မဟုတ်သောဒေသများတွင် ကူးစက်ဖြစ်ပွားသူ ၁၅၅၈ ဦးရှိသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်သူ ၃၈ ဦးရှိရာ ပြည်ပကူးစက်မှု ကိုးဦးနှင့် ပြည်တွင်းကူးစက်မှု ၂၉ ဦးတို့ဖြစ်သည်။

 

ရောဂါကူးစက်ဖြစ်ပွားသူများတွင် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူဦးရေ ၈၄၀ ရှိသည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၃ ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၀၂၀ အထိမြင့်တက်လာသည်။ သေဆုံးမှုနှုန်း သုည ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် လူဦးရေ၏ ၈၀ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးသူများ ဖြစ်သည်။

 

၎င်းတို့အနက် ၈ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို