တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၃၆၂၃၃၈ ဦး ထပ်မံတွေ့ရှိ

မတ် ၁၅

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၂၃၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၇၂၂၈၅၅၀ အထိမြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၃၀၀၀၀၀ အထက်ရှိလာသည်မှာ လေးရက်ဆက်တိုက်ရှိလာသည်ဟု ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ဆိုးလ်မြို့တော်တွင် မကြာသေးမီက ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာသည်။

 

ထပ်မံကူးစက်ဖြစ်ပွားမှုများအနက် ၆၆၀၆၇ ဦးသည် ဆိုးလ်မြို့တော်တွင် နေထိုင်သူများဖြစ်သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၉၃ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၀၈၈၈ ဦးရှိလာသည်။

 

နိုင်ငံလူဦးရေ၏ ၈၇ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၄၄၃၉၇၅၈ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၁၅၁၀၈၄ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို