တောင်ကိုရီးယားနိုင်ငံ၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျသဖြင့် လူနှစ်ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

ဧပြီ ၈

 

တောင်ကိုရီးယားနိုင်ငံ၏တောင်ဘက်အကျဆုံး မာရာကျွန်း၏ရေပြင်တွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေသည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏အတည်ပြုချက်ကိုကိုးကားပြီး ယွန်ဟပ်သတင်း အေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

 

အမှုထမ်းလေးဦးလိုက်ပါလာသောကမ်းခြေစောင့်ရဟတ်ယာဉ်သည် မာရာကျွန်း၏အနောက်တောင်ဘက် ကီလိုမီတာ ၃၇၀ အကွာခန့်ရှိ ရေပြင်ထဲသို့ ဒေသစံတော်ချိန် မနက် ၁ နာရီ ၃၂ မိနစ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

ထိုလေးဦးအနက် နှစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အနီးအနားရှိ ကင်းလှည့်လှေတစ်စီးက လေယာဉ်မှူးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုလေယာဉ်မှူးသည် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိဟု သိရသည်။

 

ထိုရဟတ်ယာဉ်သည် ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်မှပျံတက်ပြီးနောက်မကြာမီ အကြောင်းရင်းတစ်စုံတစ်ရာမရှိပဲ ပျက်ကျသွားခဲ့သည်။

 

ပျောက်ဆုံးနေသူကိုရှာဖွေကယ်ဆယ်ရန် ကမ်းခြေစောင့်ကင်းလှည့်လှေ ခုနစ်စီးအပါအဝင် စုစုပေါင်း ရေယာဉ် ၁၇ စီး အသင့်ပြင်ဆင်စုရုံးထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို