တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းတစ်သောင်းကျော် ထပ်မံတွေ့ရှိ 

ဆိုးလ်   ဧပြီ   ၁၉

တောင်ကိုရီးယားနိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၈၅၀၄ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူစုစုပေါင်း   ၁၆၄၇၁၉၄၀  ရှိလာကြောင်း တောင်ကိုရီးယား  ကျန်းမာရေးအာဏာ ပိုင်များက ဧပြီ ၁၉ ရက်တွင် ပြောကြား သည်။

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၁၃၀ ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါ ရောဂါဖြင့်   သေဆုံးသူပေါင်း ၂၁၃၅၄ ဦး ရှိလာကြောင်း  တောင်ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ က ပြောကြားသည်။ အဆိုပါတစ်ရက် အတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည်     နိုင်ငံ အတွင်း သေဆုံးသူစုစုပေါင်း၏  သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌         နိုင်ငံ လူဦးရေ၏  ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၂၇၉၀၉ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပေး ပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၀၁၇၅၁၄ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၃ ရာခိုင်နှုန်းအား     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  တတိယအကြိမ်    အပို ဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း သိရ သည်။                       

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်