တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၈၂၈၁၅ ဦး ရှိလာ

မတ် ၂၁ 

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၀၉၁၆၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၉၅၈၂၈၁၅ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ဆိုးလ်ဒေသတွင် မကြာသေးမီကပင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာသည်။

 

ထပ်မံကူးစက်မှုများအနက် ဆိုးလ်ဒေသတွင် ၄၁၀၇၈ ဦး၊ ဂျောင်ဂီပြည်နယ်တွင် ၅၆၉၀၉ ဦးနှင့် အင်ချွန်တွင် ၁၂၀၈၆ ဦးတို့ဖြစ်ကြသည်။

 

ပြည်ပကူးစက်မှု ၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ပြည်ပကူးစက်မှုပေါင်း ၃၀၆၆၂ ဦး အထိမြင့်တက်လာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၂၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၂၇၅၇ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၄၄၄၅၈၂၄၂ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၃၇၀၈၄၃ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို