တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၇၅၁ ဦး ထပ်မံတွေ့ရှိ

အောက်တိုဘာ ၂၁

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၇၅၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၂၄၄၂၅၅ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများတွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူများအနက် ရောဂါကူးစက်ခံရသူဦးရေ ၆၀ ရှိပြီး ကျန်ရှိနေသူများတွင် ပြည်တွင်းကူးစက်မှုများဖြစ်သည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသည့် ပြည်ပကူးစက်မှုပေါင်း ၆၉၁၂၃ ဦးအထိ ရှိလာသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၀ ထပ်မံသေဆုံးခဲ့ပြီး နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၂၈၉၅၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် နိုင်ငံတစ်ဝန်းရှိကိုဗစ်ရောဂါကူးစက်မှုအားလုံး၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို