တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၂၉၈ ဦး ထပ်မံတွေ့ရှိ

အောက်တိုဘာ ၇

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၉၃၃၇၅၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၅၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်း ကူးစက်မှု ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ပြည်ပကူးစက်မှုပေါင်း ၆၈၁၉၅ ဦးရှိလာကြောင်း သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၁ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၆၁၄ ဦး အထိ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် ကိုဗစ်ရောဂါကူးစက်ခံရသူအရေအတွက်၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်ဟု အတည်ပြုသတင်းထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို