တောင်ကိုရီးယားနိုင်ငံက Naver အမည်ရှိ အင်တာနက် portal ကို အမေရိကန်ဒေါ်လာ ၂၃ သန်းဒဏ်ရိုက် 

၇ အောက်တိုဘာ

 

တောင်ကိုရီးယားနိုင်ငံက Naver အမည်ရှိ အင်တာနက် Portal ကို ကိုရီးယားဝမ် ၂၆.၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၃ သန်း) ဒဏ်ရိုက်ခဲ့ရကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

Naver အမည်ရှိ အင်တာနက် Portal ဟာ အင်တာနက်သုံးစွဲသူတွေအပေါ်မှာ မလိမ့်တပတ်လုပ်ပြီး အွန်လိုင်း ဈေးဝယ်သူတွေကို သူရဲ့ အွန်လိုင်းဈေးဆိုင်ကိုဘဲရောက်အောင် လုပ်ဆောင်ပေးတဲ့အတွက် အခုလို ဒဏ်ရိုက်ခဲ့တာလို့ သိရပါတယ်။ 

 

Naver အင်တာနက် Portal ဟာ ကိုရီးယားနိုင်ငံတွင် Google ဂူဂယ်လိုမျိုး ဝန်ဆောင်မှုပေးတာကို တွေ့ရပါတယ်။ ကိုရီးယားနိုင်ငံသားတွေဟာ Naver အင်တာနက် Portalကနေ သတင်းရှာဖွေခြင်း၊ အွန်လိုင်းမှ တဆင့်ဈေးဝယ် ယူရန် ပစ္စည်းရှာဖွေခြင်းနဲ့ ဘလော့ရှာဖွေခြင်းတွေပါ လုပ်ဆောင်တာကို တွေ့ရပါတယ်။ 

Naver ဟာ ကိုရီးယားနိုင်ငံရဲ့ စတော့ဈေးကွက်မှာ ဆမ်ဆောင်း Samsung နဲ့ SK Hynix တို့ပြီးရင် တတိယမြောက် အကြီးဆုံးကုမ္ပဏီ ဖြစ်ပါတယ်။ 

 

ကိုရီးယားတရားမျှတတဲ့ ကုန်သွယ်ရေးကော်မရှင် (KFTC)ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ အတွက် ဒဏ်ကြေးငွေချမှတ်တာဖြစ်ပြီး အခုဒဏ်ရိုက်မှုဟာလည်း ကိုရီးယားနိုင်ငံအတွက် ပထမဦးဆုံးကိစ္စ ဖြစ်ပါတယ်။ Naver ဟာ ၂၀၁၂ ခုနှစ်က ၂၀၁၅ ခုနှစ်အတွင်း ပြိုင်ဖက်တွေအပေါ် algorithm လုပ်ဆောင်တဲ့အတွက် အခုလို ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံရဲ့ အွန်လိုင်းဈေးကွက်မှာ Naver အင်တာနက် Portal က ၇၀ ရာခိုင်နှုန်း လွမ်းမိုးထားကြောင်း သိရပါတယ်။ 

 

Naver ကတော့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းနဲ့ လျှောက်လဲချက် တင်သွင်းသွားမယ်လို့ ပြောပါတယ်။ 

 

MDN
ကိုးကား-AFP