တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၇၁၉၀ ထပ်မံတွေ့ရှိ

ဆိုးလ်ဧပြီ၄

တောင်ကိုရီးယား၌ လွန်ခဲ့သော ၂၄ နာရီနှင့်နှိုင်းယှဉ်ကြည့်ပါက ဧပြီ ၃ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ကူးစက်ခံရသူအသစ် ၁၂၇၁၉၀ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၁၄၀၀၁၄၀၆ဦးရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဧပြီ ၄ ရက်က ပြောကြားသည်။

 

ရက်သတ္တပတ်ကျော် ကာလအတွင်း ရောဂါစစ်ဆေးမှုနည်းသောကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ကိုဗစ်-၁၉ နေ့စဉ်ကူးစက် မှုနှုန်းမှာလွန်ခဲ့သောရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၃၄၃၀၁ ဦးထက် ကျဆင်းလာခဲ့ကြောင်း၊ အဆိုပါ ကူးစက်ဖြစ်ပွားမှု ပမာဏမှာ ဖေဖော်ဝါရီ ၂၂ ရက် မှစတင်ကာ ရက်ပေါင်း ၄၁ ရက် အတွင်း အနိမ့်ဆုံး အရေအတွက်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အေဂျင်စီ (KDCA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုဗစ်-၁၉အသစ် ထပ်မံကူးစက်ဖြစ်ပွားသည့် ပမာဏအနက် ၂၀၈၉၄ ဦးမှာ ဆိုးလ်မြို့တွင် နေထိုင်သူကြသူများ ဖြစ်ပြီးနောက်ထပ် ကူးစက်ခံရသူများမှာ ချုံဂီပြည်နယ်မှ ၃၆၉၃၇ ဦးနှင့် အင်ချွန်းဆိပ်ကမ်းမြို့မှ ၅၅၄၅ ဦးစီတို့ ဖြစ်ကြသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၅ ဦးမှာ ပြည်ပမှပြန်လည် ဝင်ရောက်လာသူများဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရ သူ၁၁၀၈ ဦးရှိရာမှ ပြီးခဲ့သည့် ရက်ထက် ၂၀ လျော့ကျသွားကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၁၈ ဦး ရှိလာသဖြင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၁၇၄၅၃ ဦး ရှိလာပြီဖြစ်သည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၀ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး အပိုဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်မှာ ၆၃ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ဆင်ဟွာ