တောင်ကြီးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တောင်ကြီး ၂၁  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံသာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကံသာရပ်ကွက် ရှုခင်းသာလမ်းသွယ် နယ်မြေ(၁) အိမ်အမှတ် (၁၂၂/ခ)တွင် နေအိမ်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ် လေးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အူမဲ (ခ)ဦးတင်ဝင်းအား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)