တောင်ကြီး ကွန်ပျူတာတက္ကသိုလ်တတိယအကြိမ် Product Show 2019 ကျင်းပ

တောင်ကြီး  ၆  စက်တင်ဘာ  


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ် တတိယအကြိမ် Product Show 2019 အခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးကွန်ပျူတာ တက္ကသိုလ်အစည်းအဝေးခန်းမဆောင်၌ ကျင်းပရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းသား၊ ကျောင်းသူများ၊ ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိပါမောက္ခများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ Product Show ဖြစ်မြောက်ရေးအတွက် နည်းပညာဟောပြောပေးသောပညာရှင်များ၊ ကူညီပံ့ပိုးပေးသော အဖွဲ့အစည်းများအား ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး က ပညာရှင်များနှင့် ကူညီပံ့ပိုးပေးသော အဖွဲ့အစည်းများအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖန်တီးတီထွင်ထားသော ပြခန်းများနှင့် လက်တွေ့ဆောင်ရွက်ချက်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီးနှင့် ဧည့်သည်တော်များက လိုက်လံကြည့်ရှုလေ့လာပေးခဲ့ကြပြီး၊ ကွန်ပျူတာတက္ကသိုလ် တတိယအကြိမ်၊ Product Show 2019 အခမ်းအနား အထိမ်းအမှတ်ဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ၊ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော် (တောင်ကြီး)