တောင်အာရှနိုင်ငံများမှလာရောက်သူများအတွက် မော်လ်ဒိုက်နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်မည်

ဇွန် ၃၀
မော်လ်ဒိုက်သမ္မတ အီဘရာဟင်မ်ဆိုလစ်ရှ်က နိုင်ငံအသီးသီး၏ကိုဗစ်-၁၉ ရောဂါဆိုင်ရာအခြေအနေကို ဆန်းစစ်လေ့လာသည့်အနေဖြင့် တောင်အာရှနိုင်ငံများမှလာရောက်သူများအတွက် နယ်စပ်ဒေသများကို ဇူလိုင် ၁၅ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ယနေ့တွင် ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
ဆိုလစ်ရှ်က ယမန်နေ့က လူထုအားပြောကြားရာတွင် မေလကစတင်ခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတတိယလှိုင်းဖြစ်ပွားမှုကြောင့်  အသွားအလာကန့်သတ်မှုများ သက်တမ်းတိုးမြှင့်ခဲ့သဖြင့် နိုင်ငံ၏စီးပွားရေး ပြန်လည်စတင်ရေးသည် ၎င်းအစိုးရ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။
စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များနှင့် အားကစားရုံများအပါအဝင် စီးပွားရေးလုပ်ငန်းအမျိုးအစားအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဟု ၎င်းကပြောကြားသည်။
ဗလီကျောင်းများကို တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရေးစည်းမျဉ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများအနေဖြင့် မဖြစ်မနေကွာရန်တင်းဝင်ရန်မလိုအပ်ကြောင်းနှင့် ကျွန်းများတွင်ခရီးသွားလာခွင့်ပြသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို