တောင်အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိလာ

၁၁ မေ

 

တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၉၅ ဦး ရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၁၀၀၁၅ ဦး အထိ ရှိကြောင်း ကျန်းမာရေးဝန်ကြီး Zweli Mkhize က ယမန်နေ့က အတည်ပြုပြောကြားသည်။

 

ကိတ်ပြည်နယ်အနောက်ပိုင်း တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၁၆၈ ဦးရှိပြီး ဂွာထန်ပြည်နယ်တွင် ၁၉၅၂ ဦး၊ ကူဇူလူ-နာတယ်ပြည်နယ်တွင် ၁၃၅၃ ဦး နှင့် ကိတ်ပြည်နယ်အရှေ့ပိုင်းတွင် ၁၂၁၈ ဦး တို့ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ရှစ်ဦးရှိကြောင်း၊ ယင်းသေဆုံးသူများမှာ ကိတ်ပြည်နယ်အနောက်ပိုင်းမှ သုံးဦး၊ ကိတ်ပြည်နယ်အရှေ့ပိုင်းမှ တစ်ဦး၊ ဂွာထန်ပြည်နယ်မှ လေးဦးတို့ ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၉၄ ဦး အထိ ရှိပြီဖြစ်ကြောင်း  Mkhize က ပြောကြားသည်။

 

မေလ ၉ ရက်နေ့အထိ  ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာသူ ၄၁၇၃ ဦး ရှိပြီး ယခုချိန်အထိ ဓာတ်ခွဲစစ်ဆေးမှု ၃၄၁၃၃၆ ဦး  ပြုလုပ်ပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို